Blogger Widgets

Saturday, April 27, 2013

ချစ်သူ့ဆီ....သို့...

သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ'ကျ'တယ် ညီမလေးရယ်.. ငါ့ကိုရိုက်ပါ.. နီကိုရဲ ထွန်းဝေမြင့် ...စသဖြင့်ပြန်သွားကြပြီ ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ..... ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး ကပိုကရို ဖွင့် လိုက်တယ်... ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်.. တကယ်တော့လည်း လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ... လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။ ဟော... ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါးတယ် မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။ ညီမလေးရေ..... မြင်းရထားတွေကို လက်ပြမတားတော့ဘူး ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။ အဝေးကြီးကို ရွေးလျားချင်မှတော့ လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။ တာရာမင်းဝေ lwintkyway

Monday, April 15, 2013

Soe Moe Myittar စိုးမိုးမေတ္တာ (တွံတေးသိန်းတန်+ချစ်စပါယ်+တင်တင်မြ)

Soe Moe Myittar by Tin Hla Soe Moe Myittar

lwintkyway

လျှောက်

အဲဒီညနေက လျှောက်လာခဲ့တယ်... ဧရာဝတီမြစ်နဒီရဲ့ ကမ်းပေါ်ကသစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေသင်းပျံ့ပါလာတာကို သတိထားမိပါတယ် ပြီးတော့... သူပြောတာကိုလဲအမှတ်ရလာပါသည် သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက... သူ လျှောက်လာခဲ့တယ်...တဲ့ ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့ အကျွမ်းမဝင်တဲ့ ညနေရီမှာ နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ် ရှေ့ကိုလှမ်းကြည့်တော့ ဖြူရော်ရော်လမ်းကလေး... ဘယ်ကွေ့ရာက ညာကောက်နဲ့ သြော်...ဘယ်ကိုများရောက်ပါလိမ့် ရောက်မှာပါလိမ့်... လို့တွေးရင်းတွေးရင်း မရေမရာ ဇဝေဇဝါနဲ့ သွားရမည့်ခရီးရဲ့ မသေချာတဲ့ ဝေဒနာကိုခံစားလာရတယ်...တဲ့ အဲဒီတုန်းကလဲ သူ့ကိုပြောဖူးပါတယ် ဘယ်ရောက်လဲသိအောင်...ဆက်လျှောက်...လို့ ဆက်လျှောက်ကြည့်လိုက်ပါလား...လို့ ========== ဧရာဝတီရဲ့သောင်စပ်ကို ဆက်လျှောက်လာခဲ့တယ်... နင်းလျှောက်မိတဲ့ သဲလေးတွေက နူးညံ့ပါတယ် ညက်ညောပါတယ်။ပြန်တက်လာတဲ့ လှိုင်းလေးတွေနဲ့ ခြေအချနဲ့ထိတွေ့တော့လဲ အေးမြပါတယ်။ လှိုင်းလေးတွေလာပြီးခတ်ပေမယ့် သဲသောင်ယံက ဘာမှခြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေလာခတ်တာ သိမ်မွေ့နေလို့ဖြစ်ပါလိမ့်မယ်။ 'ဒါပေမယ့် -ဘဝခရီးတစ်နေရာရာမှာ ရင်ထဲသမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ ယုယုယယရှိတယ်လို့ထင်ရပေမယ့် ဘဝတစ်ခုလုံး ပြိုဆင်း ကြေမွသွားနိုင်တယ်/b>' lwintkyway

Sunday, March 31, 2013

မြနန္ဒာ

သင်္ကြန်ကိုမြနန္ဒာသီချင်းလေးနဲ့ကြိုဆိုလိုက်ပြီဗျာ
lwintkyway

မေဆွိသီချင်းဟောင်း အကောင်းလေးတွေ

lwintkyway

သံယောဇဉ်

သံယောဇဉ်ဆိုတာ
နွယ်မျှင် နွယ်လက် နွယ်ခက်မဟုတ်
မခုတ်ထစ်နိုင်
နာရီတိုက်စား ရာသီကြားမှာ
မေ့မုန်းထားရစ် မဖြစ်ခဲ့နိုင်
ပျံ့လှိုင်ပူဆွေး အတွေးထဲမှာ
မေ့ဆေးမရှိ
ထာဝရ
အသိစွဲ မုန်းလည်းမမုန်းနိုင်
သက်ဆုံးတိုင်အောင်ပါပဲ
ကောင်မလေးရယ်။။
                                                th

lwintkyway

Saturday, March 30, 2013

ဓါတ်ဆီဓါတ်ဆံ

lwintkyway

မိန်းမတစ်ယောက်မှာ

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာပါစေ ... သူ့ကို အလွယ်တကူ ကြေကွဲအောင်၊မျက်ရည်ကျအောင် လုပ်နိုင်တဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ မာနကြီးပါစေ ... သူ့မာနတွေ ခ၀ါချပြီး ဆက်ဆံရတဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ယောကျာ်းတွေအပေါ် အနိုင်ယူချင်စိတ် ရှိပါစေ ... သူကိုယ်တိုင် ချည်းကပ်ခစားရတဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ယောကျာ်းတွေနဲ့ပတ်သတ်ပြီး စိတ်ခံစားချက်မရှိဘူးလို့ ပြောနေပါစေ ... သူကိုယ်တိုင် သတိမထားမိလောက်အောင် အသေးစိတ်ကအစ လိုက်ခံစားနေမိတတ်တဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ယောကျာ်းတွေကို မုန်းတယ်လို့ ပြောနေပါစေ ... သူကိုယ်တိုင် အသည်းနစ်အောင် ချစ်ခဲ့ဖူးတဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ...

.ပိုးဟပ်ဖြူ.
lwintkyway

ပိတောက်

    ပိတောက်ခက်ကို မချိုးရက်တော့ဘူး
      တစ်နှစ်မှာ တစ်လ
   တစ်လမှာ တစ်ရက်
      ပွင့်ဝေပြဖို့အတွက်
   သူ့ခမျာ, တစ်နှစ်ကြီးများတောင်
      အားမွေးခဲ့ရတာလေ
  နွေနေမကြောက်
      သူမို့,ဒီချိန်ကြီးရောက်ရောက်လာတာ။။။။။။။။။။။
   ပွင့်ဝေခွင့်မရသေးတဲ့
      အဖူးအတက်လေး
   ကိုယ်ချိုးတဲ့အခက်မှာပါလာခဲ့ရင်
       တစ်နှစ်ကြီးပေးဆပ်ထားတဲ့သူ့အတွက်
   ရက်စက်ရာကျသွားမှာပေါ့.........ဟယ်။။။။။။။။။။။TH
lwintkyway

ချစ်သူသို့ (၃)

 ချစ်သူ...သို့ (၃)
မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလား...လို့တွေးမနေနဲ့တေ့
ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်းရှိတတ်လို့
တို့...စောင့်...ရ ဦးမယ်။

(မကြာခင်မှာ
လင်းရနံ့တွေဝေလာမှာပါပဲ
ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။
တာရာမင်းဝေ

lwintkyway

ဖယ်ပေးပါ့မယ်

ဒီကမ္ဘာပေါ်မှာ...
   ငါ့လောက်ချစ်တဲ့သူ
      ငါ့လောက်မြတ်နိုးတဲ့သူ
ငါ့ထက်ပိုပြီးချစ်တဲ့သူ
   ရှိနိုင်သေးတယ်ဆိုရင်...
      မင်းရဲ့...
နှစ်လုံးသားလမ်းကြောင်းပေါ်က
   သိမ်ငယ်ကျေနပ်စွာ
      ငါ,ဖယ်ပေးလိုက်ပါ့မယ်။။။။။။။။။။။
အတုအပတွေ တောက်ပြောင်နေတဲ့
   နေပူစပ်ခါးထဲမှာ...
      ကျောကော့နေတဲ့
အရောင်မွဲမွဲ ဖိနပ်တစ်ရံထက်
   ရွှေဖိနပ်စီး ရွှေထီးဆောင်းနိုင်ခွင့်က
      ပိုပြီးသင့်မြတ်ပါပေတယ်။။။။။။။။။။။
အသည်းအသက်ထက်
   တခြားပုံပေးစရာ
      ငါ့မှာ ဘာမျှမရှိ။။။။။။။။။။။
ငါ...............
   ဘယ်လောက်ချစ်တယ်ဆိုတာ
မင်း.............
   သိရင်
နောက်ထပ်,
   မင်းရဲ့..............
      အချစ်ဆုံးသူတစ်ယောက်အတွက်
ငါ့ရဲ့................
   နှစ်လုံးသားကို
      လက်ပိုက်ဖိရင်း
မျက်ရည်ပင်လယ်ထဲကို
   ပြုံးရွှင်စွာခုန်ဆင်းလိုက်ပါ့မယ်
      တောက်ပစွာ ပျော်စံလေတော့။။။။။။။။။။။။။။။။။။။။။mhm(ccc)
lwintkyway

Wednesday, March 27, 2013

Tuesday, March 26, 2013

အို...ငှက်ငယ်

ခရီးတလျှောက်
တစ်ထောက်ခိုနား သင့်အပါးမှာ
ချစ်သူများလဲ ရောက်လာမယ်...
   သင့်ချစ်သူသည်
   သင်၏ပန်းတိုင် မဏ္ဍိုင်မဟုတ်
   သင့်ချစ်သူသည်
   သင်၏ခိုင်မာ ရည်ရွယ်ရာကို
   ယိုင်ယိုင်နဲ့နဲ့ ရွဲ့ရွဲ့စောင်းစောင်း
   ထောင်းထောင်းကြေကြေ ချေချေမွမွ
   ပြုခွင့်မရဘူး ဆိုလျှင်တောင်...
   သင့်ခြေတစ်လှမ်း ရှေ့မလှမ်းဖို့
   အလွမ်းရေဖြင့် ပက်လိမ့်မယ်...
အလွမ်းပေကျံ အတောင်ပံသည်
လေးလံတွဲလဲ မျက်ရည်ဝဲလျှင်
ကိုယ်ကျိုးနည်းပေါ့
အို...ငှက်ငယ်...
     မျက်ရည်မဝဲ မလေးတွဲဖို့
     သွေးခွဲတယ်လို့ ဆိုချင်ဆို
     အေးခဲတဲ့...စိတ် ရင်ထဲသိပ်သည်း
     အံကြိတ်ပြီးသာ ညင်သာရင်ကွဲ
     မျက်နှာလွှဲလျှက်
     ချစ်သက်လက်ကမ်း ထိုအလွမ်းကို
     စမ်းချောင်း...မြောင်းရေ
     တစမြေမှာ
     အသေချေမှုန်း ဥာဏ်ကိုသုံးကာ
     ပြုံးပြုံးလေးသာ မြှပ်ခဲ့ပါ
အို...ငှက်ငယ်...............................။mhm(ccc))

lwintkyway

Sunday, March 24, 2013

အုန်းဆံကြိုး၏ ဘဝဇာတ်ကြောင်း

    လမ်းထောင့်ကကွမ်းယာ ဆေးလိပ်ဆိုင်မှာ ဆေးလိပ်မီးညှိဖို့ ချိတ်ထားတဲ့ အုန်းဆံကြိုးကို သတိထားမိလား၊ အဲဒီအုန်းဆံကြိုးက မာနတက်နေတယ်၊ တက်နေတဲ့မာနက အကြီးအကျယ်ပဲ၊ ဘယ်အရပ်ကလာတဲ့ဆေးပေါ့လိပ်
မျိုးပဲဖြစ်ဖြစ် သူ့ကိုလာထိရင် သူကလောင်ကျွမ်းပစ်နိုင်တယ်လို့ ဘဝင်မြင့်တယ်။
    အကောင်းဆုံးနာမည်အကြီးဆုံးဆိုတဲ့ စီကရက်ဟာလဲ သူ့ကိုလာထိရင် သူကလောင်ကျွမ်းနိုင်တယ်ဆိုပြီး စိတ်
ထားဝတိံဖြစ်နေတယ်။
    ဘယ်လောက်ဂုဏ်သရေရှိတဲ့ ဘယ်လောက်ခမ်းနားတဲ့ ဘယ်လောက်ကောင်းတဲ့ တံဆိပ်ကပ်ထားတဲ့ ဆေးပြင်း
လိပ်ပဲဖြစ်ဖြစ် သူ့ကိုလာပြီးထိကြည့်စမ်းပါလား၊ လောင်ကျွမ်းသွားစေရမယ်လို့ကြိမ်းဝါးတယ်။
    ငါ့ကိုဂရုမစိုက်ပဲပစ်ထားရင် အားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားအောင် ဘဝပျက်သွားအောင် ဖန်တီးနိုင်စွမ်းရှိတယ်လို့
လဲ ခြိမ်းခြောက်နေသေးတယ်။
    ဒါပေမဲ့ ဒီထောင်လွှားမာနတွေနဲ့ ခြိမ်းခြောက်နေတဲ့ အုန်းဆံကြိုးဟာ သူဂုဏ်ယူနေတဲ့ သူများကိုလောင်ကျွမ်းနိုင်
ပါတယ်ဆိုတဲ့ သူ့မာန မီးကပဲ သူ့ဟာသူလောင်ကျွမ်းရင်း လောင်ကျွမ်းရင်းနဲ့ နောက်ဆုံး သူ" ပြာ"ဖြစ်သွားတယ်။
lwintkyway
lwintkyway

“အွန်လိုင်းဖွင့်လိုက်ရင်
စစ်အကြောင်းရယ်၊
အချစ်အကြောင်းရယ်၊
ဝစ်လစ်စ လစ်အကြောင်းရယ်”
“သတင်းစာလှစ်လိုက်ရင်
အမတ်မင်းသတင်းတွေရယ်၊
မူပျက်မယွင်းတွေရယ်၊
လူငတ်စာရင်းတွေရယ်”
“လမ်းမထွက်လိုက်ရင် နေပူရယ်၊
ကွမ်းသွေးကွက်ရယ်၊
ကလေးအလုပ်သမား၊
သူတောင်းစား လေးတွေရယ်”
ငါ့အရိပ်နဲ့ ငါလမ်းလျောက်နေပါရက်
ငါဘာတွေကိုတွေး ကြောက်နေတာပါလဲ။
မနက်ဖြန်ဆိုတာ မသေချာလည်း
ခြေဖဝါးအောက်မှာ ဖိနပ်တစ်ရံစာရှိနေသေးသရွေ့တော့
လမ်း၊ လမ်း၊ လမ်းတွေကို ဆက်လျောက်ရဦးတော့မှာပေါ့.......။
(စိမ်းခက်စိုး)

မူရင်းလင့် ။ ။ http://www.facebook.com/seinkhatsoe

Myanmar Classic Songs (playlist)

lwintkyway

Saturday, March 23, 2013

lwintkyway  
လူ့ပြည်မှာ
ကျွန်လုပ်မဲ့အစား
ငရဲပြည်မှာ ဘုရင်သွားလုပ်မယ်..............

Monday, March 18, 2013

lwintkyway
lwintkyway

“ရုန်းရင်း ကန်ရင်း”

လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။

ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရမည် တကား။ ။

ငွေတာရီ
“ရုန်းရင်း ကန်ရင်း”

လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။

ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရမည် တကား။ ။

ငွေတာရီ
lwintkyway

နန်းအချခံရတဲ့ မြို့ (သို့ ) ရန်ကုန်

ကိုယ့်မြို့ကို အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာချင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။

(ကောင်းကင်ကို)

ကြိုက်လွန်၍ မျှဝေသည် ကိုယ်တိုင်ရေး မဟုတ်ပါ...။

MyanmarTodayNews's photo.
၉၆၉ တံဆိပ်တွေကို မူဆလင်များမှ အကြမ်းဖက်ပြီး လိုက်ခွာနေသည်ဟု သိရသည်
======================================

သိသိချင်းတော့ ဒေါသထွက်မိသည်...နောက် ပြန်စဉ်းစားကြည့်တော့ ......
သူတို့ အထိနာလေပြီ ..
...
သူတို့ အထိနာပြီဆိုတော့ ...ကျွန်တော်တို့ မြန်မာလူမျိုးတွေ စိတ်ထဲမယ်..
သနားကြင်နာတတ်တဲ့ ဓါတ်ခံနဲ့ .. ငါတို့ သူတစ်ပါး အကျိုးစီးပွားကို ဖျက်မိပြီလား တွေးကြလိမ့်မယ်..

ကျွန်တော်တို့ မဖျက်ပါဘူး....သူတို့ အကျိုးစီးပွားကို သူတို့ ကိုယ်တိုင် ဖျက်ခဲ့တာပါ.. 
အမှတ်တံဆိပ် တစ်ခုဖြင့် ... လူမျိုးရေး ဘာသာရေး စီးပွားရေး ခွဲခြား ကျင့်သုံးတာဟာ..
သူတို့ လုပ်ခဲ့တာပါ..

သူတို့ အောင်မြင်ခဲ့ပါတယ်.. .ငွေတွေရလာတယ်... စီးပွားတွေပိုင်ဆိုင်လာတယ်..
အဲဒီကတစ်ဆင့် ... လောဘတွေ ကြီးလာတယ်..
အမှားအမှန် ဆင်ခြင်နိုင်ခြင်း မရှိတော့ပဲ မောဟတွေနဲ့ ...
ဒီတိုင်းပြည် ဒီရေ ဒီမြေကို လိုချင်လာကြတယ်.. နောက်ဆုံး ...

''ဒါ ငါတို့မြေပါ''ဆိုပြီး ..မရှိတာကို အရှိလုပ်...မဟုတ်တာကို အဟုတ်လုပ်...
ဒေါသတွေ အပြည့်နဲ့ ... အိမ်ရှင်ကို လူသတ်မီးရှို့ ..
သူတို့ သားရဲဆန်ဆန် ကြမ်းကြုတ် ရက်စက်ခဲ့တာ .... ရခိုင်ပြည်က သက်သေပဲ မဟုတ်လား.

ဒါကြောင့် ကျွန်တော်ပြောတာ ..
သူတို့ရဲ့ အဲဒီ လောဘ ဒေါသ မောဟတွေကြောင့် ..
တန်ပြန်သက်ရောက်မှုအဖြစ် သူတို့ ပြန်ခံစားနေရတာပါ..

အကုသိုလ်လုပ်ရင် ..အကုသိုလ်ရမှာပဲလေဗျာ..
ကျွန်တော်တို့ လုပ်နေတာ မဟုတ်ဘူး...သူ့ အကုသိုလ်နဲ့ သူ သွားနေတာ..

ဒါကြောင့် ...မေတာတရား ရှေ့ထားပြီး .. ငါတို့ သူတစ်ပါး စီးပွားဖျက်နေတယ်လို့ မထင်ကြပါနဲ့.. ထပ်ပြောပါရစေ..

''သူ့တို့ အကုသိုလ်နဲ့ သူတို့ ဖြစ်ပျက်နေတာ''

ကျွန်တော်တို့က ကျွန်တော်တို့ လူမျိုးအချင်းချင်း အားပေးကြတာ အမှားတစ်ခုမှ မဟုတ်တာ..

နင်လား ငါလား ...ဆဲလားဆိုလား...သတ်လားပုတ်လား ...
ငရဲအဖြစ်ခံပြီး ...ပုဆိန်နဲ့ ထွင်းစရာမလိုပါဘူး..

အပ်လေးနဲ့ ထွင်းရုံနဲ့ ...

ကျွန်တော်တို့ နိုင်ငံက...ဘာသာရောင် သာသနာရောင်တွေ .ထွန်းလင်းပြီး စည်ပင်ဝပြောတဲ့ နိုင်ငံဖြစ်လာမှာပါ ..

အားလုံးပဲ စိတ်ရှင်းရှင်းနဲ့ ၉၆၉ မှာ အားပေးကြပါ..

[ကြယ်စင်သွေး]

Sunday, March 17, 2013

I am the Master of my fate Poem

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be,
For my unconquerable soul.

In the fell clutch of circumstance,
I have winced but not cried aloud.
Under the bludgeonings of chance,
My head is bloodied but unbowed.

Beyond this place of wrath and tears,
Looms but the horror of the shade.
And yet the menace of the years,
Finds, and shall find me, unafraid

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate,
I am the captain of my soul.

"Invictus," by William Earnest Henley
lwintkyway
April Maung Maung's photo.
သူနေတဲ့မြို့မှာ တောင်မရှိဘူး သူနေလို့ရတယ်
သူနေတဲ့အိမ်မှာ မိသားစုဝင်တွေမရှိဘူး သူနေလို့ရတယ်
သူသောက်မယ့်ရေမှာ အဆိပ်သင့်မသင့် သူမစမ်းဖူးဘူး သူသောက်လို့ရတယ်
ဟေ့ ဒီမှာ ကမ္ဘာမကြေ တေးကို ရင်ထဲမှာထုံနေအောင်သူဆိုပီးသား
မင်းတို့ မိသားစုနဲ့ ပျော်ပါးမော်ကြွားနေချိန်မှာ သူဟာ အိမ်အိုပျက်ထဲက အထီးကျန်အကျဉ်းသမားဘဝ
မတရားတဲ့အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ 
ပစ်မယ့်ဆဲဆဲ သေနတ်ပြောင်းရှေ့မှာ သူရဲကောင်းပီသလိုက်ပုံများ
မင်းတို့ဖီဆန်ခဲ့ကြလား ဒီပဲရင်းမှာ ဝိုင်းရိုက်တာခံရတော့ ဗွီဒီယိုရုံမှာ တခိခိ အကြည့်မှပျက်ရဲ့လား
အခုမှ ကမ္ဘာမကြေအလွတ်ကျက်ပီ့း
နှလုံးသားတွေ သူ့ကိုသွားမရောင်းနဲ့ ရှိတဲ့နှလုံသားတောင်တိုင်းပြည်အတွက် ပေးအပ်ထားပီးသား
လက်ပတောင်းတောင် အရိပ်ကို တပြည်လုံးကမခိုပါဘူး 
သူ့အရိပ်ကိုတော့တပြည်လုံးကခိုနေရတာ
သူ့မှာရစရာဘာမှမကျန်ဘူး ရှိတဲ့အိမ်စုတ်လေးလဲတချိန်မှာပြတိုက်ဖြစ်လာမယ်
သူပြောတဲ့စကားတွေ ငါတို့အထပ်ထပ်ပြန်ရွတ်မယ်
ကမ္ဘာပေါ်လူပီသစွာနေထိုင်ပီး သူထွက်သွားမယ်
သူစိုက်တဲ့ အပင်က အသီးတွေ မင်းတို့ငါတို့မျိုးဆက်တွေ စားကြပေါ့
မင်းတို့ရွာမှာဆယ်နှစ်နေလို့ မင်တို့တိုက်ဆောက်ရမလား
ကားစီးရမလား ရွှေပုံကြီးဖင်ခုထိုင်ပီး ချီးတွင်းတွေပဲ တိုးလာမယ်မဟုတ်လား
တိုင်းပြည်အတွက် တိုင်းပြည်အတွက် ကဲ တိုင်းပြည်အတွက် မင်းယာခင်းကိုအလှုခံမယ်ကွာ တပြားမှမပေးဘူး ဘယ်လိုလဲ
တိုင်းပြည်အတွက် မင်းဆွဲကြိုးအလှုခံမယ် တပြားမှမပေးဘူး ဘယ်လိုလဲ
ကဲ ဘယ်သူ့လက်မှမအပ်ဘူး မင်းတို့ယုံကြည်တဲ့ဆရာလက်ပဲ အပ်မယ်ကွာ
ဘယ်လိုလဲ မင်းမိသားစုကို တိုင်းပြည်အတွက် သူ့လို ပေးမလား ရဲလား 
အခုပဲ မင်းအိမ်ထိတော့ မင်းရင်ခုန်နေပီမလား
မှန်တယ် မှားတယ်ဝေဖန်လို့ရတယ်
အညာနေပူပူမှာ တိုင်းပြည်ကြီးကို ခါးမှာချီပီး ရုန်းကန်ဆွဲနေရတဲ့ အမယ်အိုတစ်ယောက် ကို လမ်းဆင်းလျှောက်ခိုင်းသတဲ့
ကမ္ဘာက လေးစားရတဲ့ အသက် ၆၈ အရွယ် မိခင်အိုတစ်ယောက်ကို
အော်ကြီးဟစ်ကျယ် ရန်တွေ့သတဲ့
အနားကပ်ဝိုင်းအော်တာများ တရုတ်ထောက်ခံသူတဲ့
သြော် ပညာမဲ့မဲံ့ ဥစ္စာမဲ့မဲ့ 
မင်းအသိတရားတော့မမဲ့စေနဲ့ကွဲ့
ဟောဒီ အမေကြီးဒီအချိန်မှာမတော်တဆ လဲပြိုသွားရင်
ငါတို့ဘယ်မျက်နှာနဲ့ ကမ္ဘာမှာ လူလုပ်မလဲ
ဘယ်မျက်နှာနဲ့ ကျည်ကွယ် မျက်ကွယ်မှာအေးဆေးအိပ်ရမလဲ
မင်းတို့သိတဲအသိတရားက အပြစ်ရှိတဲ့လူ အပြစ်ဒါဏ်ပြန်ခံရဖို့ပဲသိတာ
သူသိတဲ့အသိတရားက အပြစ်ရှိတဲ့လူ နောင်အပြစ်မလုပ်အောင်ပြင်တာ
သူဟာ သားသမီးကောင်းတွေရဲ့မိခင်သက်သက်မဟုတ်ဘူး
သားဆိုးသမီးတွေရဲ့မိခင်လဲဖြစ်တယ်
သူလိုချင်တာ ဒီမိုကရေစီသက်သက်မဟုတ်ဘူး 
သူလိုချင်တာ မျက်လုံးတစ်လုံးကိုဖောက်ရင် မျက်လုံးနှစ်လုံးလင်းစေချင်တာ
သူခံရတာတွေကို စာဖွဲ့ချင်တာမဟုတ်ဘူး လောင်စာအဖြစ်ထိုးကြွေး ပြာဖြစ်တာတောင် မြေသြဇာလုပ်ပေးချင်တာ 
သူဟာ ဒီခေတ်ထဲ အိမ်ထောင်သားမွေးလုပ်ဖို့လာတာမဟုတ်ဘူး 
ရောက်တုန်းအခိုက်ကမ္ဘာကြီးကိုလမ်းမီးတွေ အလှပန်းဆိုင်းတွေ ဆင်သလိုတန်ဆာဆင်နေတာ
မင်းတို့က မင်းတို့အိမ်ကိုဆောက်တယ် သူက ခေတ်ကြီးကိုဆောက်နေတာ
သူ ခြေတလှမ်းကအစ အသက်တချက်ရှုတာအဆုံး
အုတ် တစ်ချပ် သဲတပွင့် ခင်းခင်းပေးသွားတာ
သူဟာအသုံးချပစ္စည်းတစ်ခုလိုပဲ အိမ်ရှေ့မှာထားထား အိမ်နောက်ဖေးထားထား
သူ့တန်ဖိုးကိုသူ ဆောင်နေတာ
မိဘမျက်ရေ တစ်စက် သားသမီးဆင်းရဲတသက်တဲ့
မိဘက သားသမီးကိုမညိုငြင်ဘူး သားသမီးကမိဘကိုပြန်ညိုငြင်တဲ့အခါ 
မင်းတို့စဉ်းစားကြည့်ပါ 

(ဖတ်မိတဲ့ လူတွေရှိရင်တောင်းပန်ပါတယ်ဗျာ အခုတလောစာမျက်နှာရှုပ်ခဲ့ရင် မပြောပဲမနေနိုင်လို့ ပြောမိတယ်သာမှတ်ပါတော့)
သံလွင် ရရစ်

သားဆိုးသမီးတွေရဲ့မိခင်လဲဖြစ်တယ
သူလိုချင်တာ ဒီမိုကရေစီသက်သက်မဟုတ်ဘူး
သူလိုချင်တာ မျက်လုံးတစ်လုံးကိုဖောက်ရင် မျက်လုံးနှစ်လုံးလင်းစေချင်တာ
သူခံရတာတွေကို စာဖွဲ့ချင်တာမဟုတ်ဘူး လောင်စာအဖြစ်ထိုးကြွေး ပြာဖြစ်တာတောင် မြေသြဇာလုပ်ပေးချင်တာ
သူဟာ ဒီခေတ်ထဲ အိမ်ထောင်သားမွေးလုပ်ဖို့လာတာမဟုတ်ဘူး
ရောက်တုန်းအခိုက်ကမ္ဘာကြီးကိုလမ်းမီးတွေ အလှပန်းဆိုင်းတွေ ဆင်သလိုတန်ဆာဆင်နေတာ
မင်းတို့က မင်းတို့အိမ်ကိုဆောက်တယ် သူက ခေတ်ကြီးကိုဆောက်နေတာ
သူ ခြေတလှမ်းကအစ အသက်တချက်ရှုတာအဆုံး
အုတ် တစ်ချပ် သဲတပွင့် ခင်းခင်းပေးသွားတာ
သူဟာအသုံးချပစ္စည်းတစ်ခုလိုပဲ အိမ်ရှေ့မှာထားထား အိမ်နောက်ဖေးထားထား
သူ့တန်ဖိုးကိုသူ ဆောင်နေတာ
မိဘမျက်ရေ တစ်စက် သားသမီးဆင်းရဲတသက်တဲ့
မိဘက သားသမီးကိုမညိုငြင်ဘူး သားသမီးကမိဘကိုပြန်ညိုငြင်တဲ့အခ
မင်းတို့စဉ်းစားကြည့်ပါ

(ဖတ်မိတဲ့ လူတွေရှိရင်တောင်းပန်ပါတယ်ဗျာ အခုတလောစာမျက်နှာရှုပ်ခဲ့ရင် မပြောပဲမနေနိုင်လို့ ပြောမိတယ်သာမှတ်ပါတော့)
သံလွင် ရရစ်
lwintkyway
 No matter what
accomplisments you make
somebody helps you.
                                     (Aithea Gibson)

သင်ဘယ်လို
အောင်မြင်မှုမျိုးတွေရအောင်
စွမ်းဆောင်နိုင်သည်ဖြစ်စေ
သင့်အားတစ်စုံတစ်ဦးက
ကူညီနေသည်။
                                       (အဲလ်သီးယားဂစ်ဘ်ဆန်)      lwintkyway
lwintkyway
Myanmar News Update's photo.
အားလုံးရဲ့နှလုံးသားကိုဒေါ်အောင်ဆန်းစုကြည်ဆွဲကိုင်လှုပ်ခဲ့ပြီ
==========================================
လက်ပန်းတောင်းတောင် အစီရင်ခံစာထွက်ပေါ်လာပြီး၊ ပြည်သူတွေကြားမှာ သဘောထားအမျိုးမျိုးကွဲလွဲခဲ့ကြပါတယ်။ ဒေသခံတွေကလည်း အစီရင်ခံစာကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဆန္ဒပြတာတွေဖြစ်ပေါ်ခဲ့တယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ အစီရင်ခံစာထွက်ပေါ်လာပြီးနောက်တစ်နေ့ဖြစ်တဲ့ မတ်လ 13ရက်နေ့မှာ မုံရွာလက်ပန်းတောင်းဒေသကိုသွားရောက်ခဲ့ပါတယ်။ ဆန္ဒပြလူအုပ်တွေ၊ ကန့်ကွက်မှုတွေကြားမှာ မကြောက်မရွံ့နဲ့၊ ဒေသခံတွေရှိရာကို သွားရောက်ရှင်းပြခဲ့တာပါ။ အညာနွေရဲ့ နေပူပူကြားမှာ ကားပြတင်းပေါက် ကနေ သူ့ကိုကန့်ကွက်ဆန္ဒပြနေသူတွေကို ငေးကြည့်ပြီး မျက်ရေတွေဝဲနေတဲ့ ဓာတ်ပုံအပါအ၀င် လက်ပန်းတောင်းတောင်သွား လမ်းတလျှောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေ Facebook လူမှုစာမျက်နှာအပါအ၀င် online media မှာတက်လာတော့ facebook ပေါ်က နှလုံးသားတွေ အရည်ပျော်ကျသွားခဲ့ပါပြီ။
တစ်ချို့ကဒီတစ်ခါမှာတော့ ဒေါ်စုကျရှုံးသွားပြီလို့ ဆိုကြတယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုမထင်ပါဘူး။ ဒီတစ်ချီမှာ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှုတွေ အများကြီးရခဲ့တယ်လို့ မြင်ပါတယ်။
လက်ပန်းတောင်းတောင်ဒေသခံတွေ ကျေနပ်နှစ်သိမ့်နိုင်တဲ့ အနေအထားတွေအပြင် အစီရင်ခံစာမှာပါဝင်တဲ့ အချက်တွေက အများလက်ခံနိုင်စရာပါ။
သူ့ကိုကန့်ကွက်နေတဲ့ ဒေသခံတွေကြားမှာ ရဲဝံ့စွာသွားပြီးရှင်းပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရအပါအ၀င် စစ်ခေါင်းဆောင်တွေနဲ့ ဦးပိုင်ကဲ့သို့ စီးပွားရေးသမားတွေ ရဲတပ်ဖွဲ့ဝင်တွေ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ ငေးကြည့်ခဲ့ရပါပြီ။
ပြည်သူတွေဘက်ကကြည့်ရင်လည်း ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ
နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခြေအနေတစ်ခုကို ဖန်တီးပေးခဲ့ခြင်းပါ။
လက်ရှိအာဏာပိုင်တွေဘက်ကကြည့်ရင်လည်း နှစ်ပေါင်း 20 လုံးလုံး
သူတို့ဖိနှိပ်ချုပ်နှောင်ခဲ့တဲ့ အမျိုးသမီးက ဒီအချိန်မှာ သူတို့အပေါ် ဘာအာဃာတ ဘာအမုန်းတရားမှ မထားဘူးဆိုတာ မြင်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ ၀န်းရံနေတဲ့ ရဲလုံခြုံရေးတွေရဲ့ မျက်နှာမှာ ဒီခံစားချက်ကို မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အောင်မြင်ပါတယ်။
သူမပြောနေသလို “အမျိုးသားပြန်လည်သင့်မြတ်ရေး” မကြာခင် ဖြစ်ထွန်းလာမှာပါ။ နိုင်ငံတစ်နိုင်ငံ တိုးတက်အောင်မြင်ဖို့ဆိုတာ
ညီညွတ်ရေးသာ အဓိကဖြစ်ပါတယ်။
စာရေးဆရာကြီးဒဂုန်တာရာပြောတဲ့ နိုင်ငံကျော်အဆိုအမိန့်ရှိပါတယ်။
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ မုန်းသူမရှိ၊ ချစ်သူသာရှိ
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ ရန်သူကိုမတ်ဆွေဖြစ်အောင်လုပ်တာ”
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက်တကယ်ကို အကျိုးရှိတဲ့ နိုင်ငံရေးကို
လုပ်နေတယ်လို့ပဲ ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်။

Sithu Linlet

Villager Myanmar

စာရေးဆရာကြီးဒဂုန်တာရာပြောတဲ့ နိုင်ငံကျော်အဆိုအမိန့်ရှိပါတယ်
“ရန်သူမရှိ၊ မိတ်ဆွေသာရှိ မုန်းသူမရှိ၊ ချစ်သူသာရှိ
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ ရန်သူကိုမတ်ဆွေဖြစ်အောင်လုပ်တာ”
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက်တကယ်ကို အကျိုးရှိတဲ့ နိုင်ငံရေးကို
လုပ်နေတယ်လို့ပဲ ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်

Sithu Linlet

Villager Myanmar
တခါတုန်းက လက်ရန်းငယ်ပြို ကျောင်းအိုအိုကြီးမှာ
ကျောင်းထိုင်ဆရာတော်တစ်ပါးရှိသတဲ့
တစ်နေ့မှာတော့ အဲဒီဆရာတော်ရဲ့ကျောင်းကို
ဓါးမြတွေရောက်လာပြီး ဓါးမြတိုက်တာပေါ့
အဲဒီအခါ ဆရာတော်လည်း နဂိုတည်းကမှဆင်းရဲချို့တဲ့နေရတဲ့အထဲ
ဓါးမြတွေလာတိုက်သွားတော့ ကျောင်းအို ကျောင်းစုတ်ပဲကျန်ခဲ့သတဲ့
ဆရာတော်လည်း စိတ်ပျက်လက်ပျက်
ကျောင်းတလင်းပြင်ထွက် ပက်လက်လှန်လှဲလိုက်တော့
ကောင်းကင်တိမ်ကြားက ဝိုးတဝါး လမင်းလေးကိုတွေ့မိတော့
ဆရာတော်က.....
သြော်...ဓါးမြတွေက
ငါ့အတွက်.....
လမင်းလေးကိုတော့ လက်ဆောင်ပေးသွားခဲ့သေးတယ်ဆိုတဲ့အတွေးနဲ့
ဖြေသိမ့် ကြည်နူးလေသတဲ့..........
with Khin Mar Kyaw at Jalan 3 Chan Sow Lin.
lwintkyway
“ ညီညွတ်မှ ပန်းတိုင်ရောက်မည် ”
••••••••••••••••••••••••••••

“ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊
သံလွင်ဟူ၍ အမည်များကွဲပြားခြားနား
နေစေကာမူ နောက်ဆုံး ဦးတည်ချက်သည်
ပင်လယ်တွင်းသို့ စီးဆင်းသွားကြသည်။
ဦးတည်ချက်၊ အရောင်အသွေးတူညီလျှင်
အငြင်းပွားမနေဘဲ ညီညီညွတ်ညွတ်
လုပ်ကြမှသာ ပန်းတိုင်ကို ရောက်ရှိနိုင်မည် ”

- သီတဂူဆရာတော်ကြီး

Source ►
www.facebook.com/youngbuddhistassociation.mm
lwintkyway
lwintkyway တွေ့ဖို့နောက်ကျခဲ့တာ (၂၅) မိနစ်အချိန်လေး..............................

Saturday, March 16, 2013

ချစ်သူ...သို့

ချစ်သူ..သို့ (၁)
သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့စိတ်အတင်အချကို
မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။

ချစ်သူရေ
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.....ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...ဆိုတာ..။ ။
တာရာမင်းဝေ
၂၈.၈.၉၆

ဇွဲ

ပြိုလဲကျသည်
တဖန်ကျုံးထသည်
ဒယိန်းဒယိုင်ဖြင့်
ခြေတစ်လှမ်း ထပ်လှမ်းသည်
ပြိုလဲကျပြန်သည်
တစ်ဖန်...တဖန်...တဖန်...
ဤသို့ဖြင့် ကျွန်ုပ်တို့
လမ်းလျှောက်တတ်လာကြသည်.....
(အတိုက်ခံဆိုပေမယ့် တက်လာတဲ့အစိုးရကို
အမြဲတမ်းနေရာတိုင်းမှာ ဆန့်ကျင်ဘက်ကနေ
အတိုက်အခံလုပ်နေမှာ မဟုတ်ပါဘူး-ဒေါ်အောင်ဆန်းစုကြည်)

*"ခုတော့ ကျွန်တော်သိပြီ"*

စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

စစ်တပ် စစ်တန်းလျားပြန်သွားယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဒီမိုကရေစီစနစ်ပြောင်းသုံးလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

လွတ်လပ်မှုတွေ ပွင့်လင်းမြင်သာမှုတွေပေးလိုက်ယုံနဲ့လည်း
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

နိုင်ငံရေးသမားတွေ ထောင်ထဲကလွှတ်ပေးလိုက်ယုံနဲ့လည်း
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ပြည်ပကလူတွေ ပြန်လာခွင့်ပေးလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

လက်နက်တွေကိုင်ထားပြီး အပစ်အခတ်ရပ်စဲလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဆန္ဒထုတ်ဖေါ်ခွင့်တွေ အသုံးချယုံ ပေးလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

သမ္မတကြီး လာဘ်မစားဘဲ ရိုးဖြောင့်တည်ကြည်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဒေါ်အောင်းဆန်းစုကြည် အနာခံ အမုန်းခံပြီး
စတေးခံပြီး လုပ်ပေးယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားယုံနဲ့ရော
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

မုဆိုးမမိခင်လိုဖြစ်နေတဲ့တိုင်းပြည်ကို လိုချင်တာတွေချည်းဇွတ်ပူစာယုံနဲ့မြန်မာပြည်တိုးတက်သွားမယ်ထင်လာ

ဘာကြောင့် စစ်တပ်အုပ်ချုပ်ရေးနဲ့တန်တယ်လို
တစ်ချို့လူတွေပြောကြတယ်..ဆိုတာ

အစိုးရနဲ့ပြည်သူအများစု စည်းဝါးမကျမခြင်း
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

အချင်းချင်းစည်းလုံးမှု မရှိမခြင်း
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

ဘေးတီးလို့ သွေးမစည်းပဲဖြစ်နေသ၍
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

နဂိုကမှ ယိမ်းယိုင်နေလို့အနိုင်နိုင်ရပ်နေရတဲ့တိုင်းပြည်ကို
အပြုသဘောနဲ့ကူညီ၊ဝေဖန်၊အကြံမပေးကြဘဲ
အပျက်သဘောနဲ့ဘေးထိုင်ဘုတော တစ်ဘို့စာအတွက်သာတွေးပြီး အတေးနဲ့ နေရာလုချင်သူတွေများနေသ၍
မြန်မာပြည် မတိုးတက်သေးဘူး..ဆိုတာ

စနစ်သာပြောင်းပြီး သူတို့ရော ကျွန်တော်တို့ရော
အကျင့်တွေမပြောင်းသေးသ၍
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

တစ်ဦးချင်းတစ်ယောက်ချင်း
မိမိကိုယ်ကိုကောင်းအောင်အရင် မကြိုးစားသ၍
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

ကျွန်တော်သိလိုက်ပါပြီလို့သာ သက်ပြင်းချရင်း။

by/- Nay Myoo Aung Lan

*N M A L*
ပလီပလာ ထွေကာလီကာ