Blogger Widgets

Saturday, March 30, 2013

မိန်းမတစ်ယောက်မှာ


✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာပါစေ ... သူ့ကို အလွယ်တကူ ကြေကွဲအောင်၊မျက်ရည်ကျအောင် လုပ်နိုင်တဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ မာနကြီးပါစေ ... သူ့မာနတွေ ခ၀ါချပြီး ဆက်ဆံရတဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ယောကျာ်းတွေအပေါ် အနိုင်ယူချင်စိတ် ရှိပါစေ ... သူကိုယ်တိုင် ချည်းကပ်ခစားရတဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ယောကျာ်းတွေနဲ့ပတ်သတ်ပြီး စိတ်ခံစားချက်မရှိဘူးလို့ ပြောနေပါစေ ... သူကိုယ်တိုင် သတိမထားမိလောက်အောင် အသေးစိတ်ကအစ လိုက်ခံစားနေမိတတ်တဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ။

✔ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ယောကျာ်းတွေကို မုန်းတယ်လို့ ပြောနေပါစေ ... သူကိုယ်တိုင် အသည်းနစ်အောင် ချစ်ခဲ့ဖူးတဲ့ ယောကျာ်းတစ်ယောက်တော့ သူ့ဘ၀ထဲမှာ အမြဲရှိတယ် ...


.ပိုးဟပ်ဖြူ.
lwintkyway

No comments: