Blogger Widgets

Monday, April 15, 2013

လျှောက်

အဲဒီညနေက လျှောက်လာခဲ့တယ်... ဧရာဝတီမြစ်နဒီရဲ့ ကမ်းပေါ်ကသစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့ လေပြေထဲမှာ တမာနံ့တွေသင်းပျံ့ပါလာတာကို သတိထားမိပါတယ် ပြီးတော့... သူပြောတာကိုလဲအမှတ်ရလာပါသည် သူက ကဗျာပညာရှင်ဆိုတော့ ပြောပုံက... သူ လျှောက်လာခဲ့တယ်...တဲ့ ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့ အကျွမ်းမဝင်တဲ့ ညနေရီမှာ နေရောင်ကလဲ စိမ်းနေသလားလို့ထင်ရတယ် ရှေ့ကိုလှမ်းကြည့်တော့ ဖြူရော်ရော်လမ်းကလေး... ဘယ်ကွေ့ရာက ညာကောက်နဲ့ သြော်...ဘယ်ကိုများရောက်ပါလိမ့် ရောက်မှာပါလိမ့်... လို့တွေးရင်းတွေးရင်း မရေမရာ ဇဝေဇဝါနဲ့ သွားရမည့်ခရီးရဲ့ မသေချာတဲ့ ဝေဒနာကိုခံစားလာရတယ်...တဲ့ အဲဒီတုန်းကလဲ သူ့ကိုပြောဖူးပါတယ် ဘယ်ရောက်လဲသိအောင်...ဆက်လျှောက်...လို့ ဆက်လျှောက်ကြည့်လိုက်ပါလား...လို့ ========== ဧရာဝတီရဲ့သောင်စပ်ကို ဆက်လျှောက်လာခဲ့တယ်... နင်းလျှောက်မိတဲ့ သဲလေးတွေက နူးညံ့ပါတယ် ညက်ညောပါတယ်။ပြန်တက်လာတဲ့ လှိုင်းလေးတွေနဲ့ ခြေအချနဲ့ထိတွေ့တော့လဲ အေးမြပါတယ်။ လှိုင်းလေးတွေလာပြီးခတ်ပေမယ့် သဲသောင်ယံက ဘာမှခြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေလာခတ်တာ သိမ်မွေ့နေလို့ဖြစ်ပါလိမ့်မယ်။ 'ဒါပေမယ့် -ဘဝခရီးတစ်နေရာရာမှာ ရင်ထဲသမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ ယုယုယယရှိတယ်လို့ထင်ရပေမယ့် ဘဝတစ်ခုလုံး ပြိုဆင်း ကြေမွသွားနိုင်တယ်/b>' lwintkyway

No comments: