Blogger Widgets

Friday, June 27, 2014

ပန်း

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်
ပန်ဆင်ပါစေ
ဒီလိုရည်စူး
ဖူးပွင့်မဆင်
ခင်ကြိုက်ရင်အညှာကိုချိုး
မြတ်နိုးတော့ပန်ချင်ပန်
မပန်ချင်ပစ်လိုက်ပေါ့
ခင်-----
ဆင်ချင်မှဆင်!!!!!


Posted via Blogaway

အလွမ်း

   အလွမ်းဆိုတာ အသက်အရွယ် အပိုင်းအခြားမရှိ လွမ်းတတ်သူတိုင်း လွမ်းနေကြပေလိမ့်မည်။
   အလွမ်းဆိုတာ ဘယ်ကမ်းကိုဖြစ်ဖြစ် စီးဆင်းတတ်သောမြစ်ရေကဲ့သို့ ဘယ်ပြ တင်းပေါက်ကိုဖြစ်ဖြစ် စိမ့်ဝင်တတ်သော လေပြည်ကဲ့သို့ အတိုင်းအဆအရွယ် အသက်တို့ဖြင့် ပိုင်းဖြတ်၍ခံစားရသော အရာမဟုတ်။ ငယ်သူ ကြီးသူမရွေး လွမ်းတတ်သူတိုင်း အလွမ်းဘေး သင့်ဖူးကြပေမည်။ ။ ။ ။ ။
    (MHM-CCC)


Posted via Blogaway