Blogger Widgets

Saturday, March 16, 2013

ဇွဲ

ပြိုလဲကျသည်
တဖန်ကျုံးထသည်
ဒယိန်းဒယိုင်ဖြင့်
ခြေတစ်လှမ်း ထပ်လှမ်းသည်
ပြိုလဲကျပြန်သည်
တစ်ဖန်...တဖန်...တဖန်...
ဤသို့ဖြင့် ကျွန်ုပ်တို့
လမ်းလျှောက်တတ်လာကြသည်.....

No comments: