Blogger Widgets

Sunday, March 17, 2013

တခါတုန်းက လက်ရန်းငယ်ပြို ကျောင်းအိုအိုကြီးမှာ
ကျောင်းထိုင်ဆရာတော်တစ်ပါးရှိသတဲ့
တစ်နေ့မှာတော့ အဲဒီဆရာတော်ရဲ့ကျောင်းကို
ဓါးမြတွေရောက်လာပြီး ဓါးမြတိုက်တာပေါ့
အဲဒီအခါ ဆရာတော်လည်း နဂိုတည်းကမှဆင်းရဲချို့တဲ့နေရတဲ့အထဲ
ဓါးမြတွေလာတိုက်သွားတော့ ကျောင်းအို ကျောင်းစုတ်ပဲကျန်ခဲ့သတဲ့
ဆရာတော်လည်း စိတ်ပျက်လက်ပျက်
ကျောင်းတလင်းပြင်ထွက် ပက်လက်လှန်လှဲလိုက်တော့
ကောင်းကင်တိမ်ကြားက ဝိုးတဝါး လမင်းလေးကိုတွေ့မိတော့
ဆရာတော်က.....
သြော်...ဓါးမြတွေက
ငါ့အတွက်.....
လမင်းလေးကိုတော့ လက်ဆောင်ပေးသွားခဲ့သေးတယ်ဆိုတဲ့အတွေးနဲ့
ဖြေသိမ့် ကြည်နူးလေသတဲ့..........
with Khin Mar Kyaw at Jalan 3 Chan Sow Lin.
lwintkyway

No comments: