Blogger Widgets

Monday, March 18, 2013


နန်းအချခံရတဲ့ မြို့ (သို့ ) ရန်ကုန်



ကိုယ့်မြို့ကို အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာချင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။


(ကောင်းကင်ကို)


ကြိုက်လွန်၍ မျှဝေသည် ကိုယ်တိုင်ရေး မဟုတ်ပါ...။
နန်းအချခံရတဲ့ မြို့ (သို့ ) ရန်ကုန်



ကိုယ့်မြို့ကို အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာချင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။


(ကောင်းကင်ကို)


ကြိုက်လွန်၍ မျှဝေသည် ကိုယ်တိုင်ရေး မဟုတ်ပါ...။
lwintkyway

No comments: