Blogger Widgets

Tuesday, March 26, 2013

အို...ငှက်ငယ်

ခရီးတလျှောက်
တစ်ထောက်ခိုနား သင့်အပါးမှာ
ချစ်သူများလဲ ရောက်လာမယ်...
   သင့်ချစ်သူသည်
   သင်၏ပန်းတိုင် မဏ္ဍိုင်မဟုတ်
   သင့်ချစ်သူသည်
   သင်၏ခိုင်မာ ရည်ရွယ်ရာကို
   ယိုင်ယိုင်နဲ့နဲ့ ရွဲ့ရွဲ့စောင်းစောင်း
   ထောင်းထောင်းကြေကြေ ချေချေမွမွ
   ပြုခွင့်မရဘူး ဆိုလျှင်တောင်...
   သင့်ခြေတစ်လှမ်း ရှေ့မလှမ်းဖို့
   အလွမ်းရေဖြင့် ပက်လိမ့်မယ်...
အလွမ်းပေကျံ အတောင်ပံသည်
လေးလံတွဲလဲ မျက်ရည်ဝဲလျှင်
ကိုယ်ကျိုးနည်းပေါ့
အို...ငှက်ငယ်...
     မျက်ရည်မဝဲ မလေးတွဲဖို့
     သွေးခွဲတယ်လို့ ဆိုချင်ဆို
     အေးခဲတဲ့...စိတ် ရင်ထဲသိပ်သည်း
     အံကြိတ်ပြီးသာ ညင်သာရင်ကွဲ
     မျက်နှာလွှဲလျှက်
     ချစ်သက်လက်ကမ်း ထိုအလွမ်းကို
     စမ်းချောင်း...မြောင်းရေ
     တစမြေမှာ
     အသေချေမှုန်း ဥာဏ်ကိုသုံးကာ
     ပြုံးပြုံးလေးသာ မြှပ်ခဲ့ပါ
အို...ငှက်ငယ်...............................။mhm(ccc))

 
lwintkyway

No comments: