Blogger Widgets

Sunday, March 24, 2013

အုန်းဆံကြိုး၏ ဘဝဇာတ်ကြောင်း

    လမ်းထောင့်ကကွမ်းယာ ဆေးလိပ်ဆိုင်မှာ ဆေးလိပ်မီးညှိဖို့ ချိတ်ထားတဲ့ အုန်းဆံကြိုးကို သတိထားမိလား၊ အဲဒီအုန်းဆံကြိုးက မာနတက်နေတယ်၊ တက်နေတဲ့မာနက အကြီးအကျယ်ပဲ၊ ဘယ်အရပ်ကလာတဲ့ဆေးပေါ့လိပ်
မျိုးပဲဖြစ်ဖြစ် သူ့ကိုလာထိရင် သူကလောင်ကျွမ်းပစ်နိုင်တယ်လို့ ဘဝင်မြင့်တယ်။
    အကောင်းဆုံးနာမည်အကြီးဆုံးဆိုတဲ့ စီကရက်ဟာလဲ သူ့ကိုလာထိရင် သူကလောင်ကျွမ်းနိုင်တယ်ဆိုပြီး စိတ်
ထားဝတိံဖြစ်နေတယ်။
    ဘယ်လောက်ဂုဏ်သရေရှိတဲ့ ဘယ်လောက်ခမ်းနားတဲ့ ဘယ်လောက်ကောင်းတဲ့ တံဆိပ်ကပ်ထားတဲ့ ဆေးပြင်း
လိပ်ပဲဖြစ်ဖြစ် သူ့ကိုလာပြီးထိကြည့်စမ်းပါလား၊ လောင်ကျွမ်းသွားစေရမယ်လို့ကြိမ်းဝါးတယ်။
    ငါ့ကိုဂရုမစိုက်ပဲပစ်ထားရင် အားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားအောင် ဘဝပျက်သွားအောင် ဖန်တီးနိုင်စွမ်းရှိတယ်လို့
လဲ ခြိမ်းခြောက်နေသေးတယ်။
    ဒါပေမဲ့ ဒီထောင်လွှားမာနတွေနဲ့ ခြိမ်းခြောက်နေတဲ့ အုန်းဆံကြိုးဟာ သူဂုဏ်ယူနေတဲ့ သူများကိုလောင်ကျွမ်းနိုင်
ပါတယ်ဆိုတဲ့ သူ့မာန မီးကပဲ သူ့ဟာသူလောင်ကျွမ်းရင်း လောင်ကျွမ်းရင်းနဲ့ နောက်ဆုံး သူ" ပြာ"ဖြစ်သွားတယ်။
lwintkyway

No comments: