Blogger Widgets

Saturday, March 16, 2013

(အတိုက်ခံဆိုပေမယ့် တက်လာတဲ့အစိုးရကို
အမြဲတမ်းနေရာတိုင်းမှာ ဆန့်ကျင်ဘက်ကနေ
အတိုက်အခံလုပ်နေမှာ မဟုတ်ပါဘူး-ဒေါ်အောင်ဆန်းစုကြည်)

*"ခုတော့ ကျွန်တော်သိပြီ"*

စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

စစ်တပ် စစ်တန်းလျားပြန်သွားယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဒီမိုကရေစီစနစ်ပြောင်းသုံးလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

လွတ်လပ်မှုတွေ ပွင့်လင်းမြင်သာမှုတွေပေးလိုက်ယုံနဲ့လည်း
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

နိုင်ငံရေးသမားတွေ ထောင်ထဲကလွှတ်ပေးလိုက်ယုံနဲ့လည်း
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ပြည်ပကလူတွေ ပြန်လာခွင့်ပေးလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

လက်နက်တွေကိုင်ထားပြီး အပစ်အခတ်ရပ်စဲလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဆန္ဒထုတ်ဖေါ်ခွင့်တွေ အသုံးချယုံ ပေးလိုက်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

သမ္မတကြီး လာဘ်မစားဘဲ ရိုးဖြောင့်တည်ကြည်ယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဒေါ်အောင်းဆန်းစုကြည် အနာခံ အမုန်းခံပြီး
စတေးခံပြီး လုပ်ပေးယုံနဲ့
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားယုံနဲ့ရော
မြန်မာပြည်တိုးတက်သွားမယ်ထင်လား

မုဆိုးမမိခင်လိုဖြစ်နေတဲ့တိုင်းပြည်ကို လိုချင်တာတွေချည်းဇွတ်ပူစာယုံနဲ့မြန်မာပြည်တိုးတက်သွားမယ်ထင်လာ

ဘာကြောင့် စစ်တပ်အုပ်ချုပ်ရေးနဲ့တန်တယ်လို
တစ်ချို့လူတွေပြောကြတယ်..ဆိုတာ

အစိုးရနဲ့ပြည်သူအများစု စည်းဝါးမကျမခြင်း
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

အချင်းချင်းစည်းလုံးမှု မရှိမခြင်း
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

ဘေးတီးလို့ သွေးမစည်းပဲဖြစ်နေသ၍
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

နဂိုကမှ ယိမ်းယိုင်နေလို့အနိုင်နိုင်ရပ်နေရတဲ့တိုင်းပြည်ကို
အပြုသဘောနဲ့ကူညီ၊ဝေဖန်၊အကြံမပေးကြဘဲ
အပျက်သဘောနဲ့ဘေးထိုင်ဘုတော တစ်ဘို့စာအတွက်သာတွေးပြီး အတေးနဲ့ နေရာလုချင်သူတွေများနေသ၍
မြန်မာပြည် မတိုးတက်သေးဘူး..ဆိုတာ

စနစ်သာပြောင်းပြီး သူတို့ရော ကျွန်တော်တို့ရော
အကျင့်တွေမပြောင်းသေးသ၍
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

တစ်ဦးချင်းတစ်ယောက်ချင်း
မိမိကိုယ်ကိုကောင်းအောင်အရင် မကြိုးစားသ၍
မြန်မာပြည် မတိုးတက်သေးဘူး...ဆိုတာ

ကျွန်တော်သိလိုက်ပါပြီလို့သာ သက်ပြင်းချရင်း။

by/- Nay Myoo Aung Lan

*N M A L*
ပလီပလာ ထွေကာလီကာ

No comments: