ပိတောက်ခက်ကို မချိုးရက်တော့ဘူး
တစ်နှစ်မှာ တစ်လ
တစ်လမှာ တစ်ရက်
ပွင့်ဝေပြဖို့အတွက်
သူ့ခမျာ, တစ်နှစ်ကြီးများတောင်
အားမွေးခဲ့ရတာလေ
နွေနေမကြောက်
သူမို့,ဒီချိန်ကြီးရောက်ရောက်လာတာ။။။။။။။။။။။
ပွင့်ဝေခွင့်မရသေးတဲ့
အဖူးအတက်လေး
ကိုယ်ချိုးတဲ့အခက်မှာပါလာခဲ့ရင်
တစ်နှစ်ကြီးပေးဆပ်ထားတဲ့သူ့အတွက်
ရက်စက်ရာကျသွားမှာပေါ့.........ဟယ်။။။။။။။။။။။TH
lwintkyway
No comments:
Post a Comment